ဝက်​ခြံနဲ့ ဝက်​ခြံ​ကြောင့်​ကျန်​ခဲ့တဲ့ အမာရွတ်​​တွေဟာ

ဝက်​ခြံနဲ့ ဝက်​ခြံ​ကြောင့်​ကျန်​ခဲ့တဲ့ အမာရွတ်​​တွေဟာ အလှအပကြိုက်​နှစ်​သက်​​သူ​​တွေ အတွက်​​တော့ အိမ်​မက်​ဆိုးတစ်​ခုပါ။ ဝက်​ခြံက အသားအ​ရေအလှကို ညှိုးနွမ်း​စေသလို နီမြန်းခြင်း​တွေ၊ အမာရွတ်​ကျန်​ခြင်း​တွေကိုလည်း ဖြစ်​​စေနိုင်​ပါတယ်​။ ဝက်​ခြံဆိုးဆိုးရွားရွား ထွက်​ခဲ့တဲ့သူ​တွေ၊ ဝက်​ခြံဖုကို မသန့်​ရှင်းတဲ့ လက်​​တွေ၊ ဝက်​ခြံညှစ်​တံ​တွေနဲ့. ထိုးဆွတဲ့သူ​တွေမှာ အမာရွတ်​​တွေကျန်​ခဲ့နိုင်​ပါတယ်​။

ဝက်​ခြံ​ကြောင့်​ဖြစ်​တဲ့အမာရွတ်​ အမျိုးအစား အဓိက ၃မျိုးရှိပါတယ်​။

✏ Boxcar scar – ချိုင့်​ခွက်​ နဲ့တူပြီးထင်​ရှားတဲ့ အနား​စောင်းရှိတဲ့ အမာရွတ်​ပုံစံ

✏ Ice-pick scar – ကျဉ်း​မြောင်းပြီး အတွင်းကိုနက်​တဲ့ အမာရွတ်​ပုံစံ

✏ Rolling scar – အနား​စောင်း​ပြေပြစ်​တဲ့ ချိုင့်​ကဲ့သို့ အမာရွတ်​ပုံစံ

ဒီလို အကျည်းတန်​တဲ့ ဝက်​ခြံအမာရွတ်​​တွေ စဖြစ်​လာပြီဆိုရင်​​တော့ ပိုမဆိုးသွား​အောင်​၊ သက်​သာသွား​အောင်​ ​အောက်​ပါအချက်​​လေး​တွေ ပြုလုပ်​နိုင်​ပါတယ်​။

✔ ​နေပူထဲ မထွက်​ပါနှင့်​။ ပြင်းထန်​တဲ့ ​နေ​ရောင်​ခြည်​နဲ့ အချိန်​ကြာမြင့်​စွာ ထိ​တွေ့ခြင်း​က အမာရွတ်​​တွေကို​ အ​ရောင်​ရင့်​​စေပြီး ပိုမိုထင်​ရှား​စေပါတယ်​။ မဖြစ်​မ​နေ ​နေပူထဲထွက်​ရလျှင်​ sunscreen လိမ်းပါ။

✔ မျက်​နှာအလွန်​အကျွံသစ်​ခြင်း၊ ဝက်​ခြံအမာရွတ်​​တွေကို scrub ဖြင့်​ အလွန်အမင်းတိုက်​ခြင်း​တွေကလည်း အ​ရေပြားရဲ့ ကျုံ့ဆန့်​နိုင်​အားကို ​လျော့နည်း​စေပြီး အမာရွတ်​​တွေကို ပိုမိုထင်​ရှား​စေလို့ ​ရှောင်​ကြဉ်​သင့်​ပါတယ်​။

✔ အမာရွတ်​ကို လက်​သည်းများ၊ မသန့်​ရှင်းတဲ့ ကိရိယာများဖြင့်​ ထိုးဆွခြင်းမှလည်း ​ရှောင်​ကြဉ်​ပါ။ မသန်​ရှင်းတဲ့ လက်​နဲ့ လက်​သည်းက ဘက်​တီးရီးယားပိုး​တွေ​ကြောင့်​ ပိုးဝင်​ပြီး အမာရွတ်​​တွေကို ကြီး​စေနိုင်​ပါတယ်​။

✔ Vitamin-A (Retinol) ပါတဲ့ လိမ်း​ဆေး​တွေက ဝက်​ခြံအမာရွတ်​​၊ အမည်းစက်​​တွေကို မှိန်​သွား​စေနိုင်​တဲ့ အာနိသင်​ရှိလို့ အမာရွတ်​၊ အမည်းစက်​​တွေကို Vitamin A ပါတဲ့ လိမ်း​ဆေး၊ skincare များအသုံးပြုနိုင်​ပါတယ်​။

ဝက်​ခြံ​ကြောင့်​ကျန်​ခဲ့တဲ့ အမာရွတ်​​တွေ အလွန်​ဆိုးရွား​နေရင်​​တော့ တတ်​ကျွမ်း​နားလည်​တဲ့ အ​ရေပြားဆရာဝန်​ (သို့) အလှအပ​ရေးရာ ဆရာဝန်​ဖြင့်​ တိုင်​ပင်​​ဆွေး​နွေး၍ ကုသမှုများခံယူနိုင်​ပါတယ်​။

ကျန်းမာလှပ​သော ဘဝတစ်​ခု ပိုင်​ဆိုင်​​စေရန်​ ရည်​ရွယ်​လျက်

ပွင့်​ရည်​(​ဆေး၂)