ဝက်ခြံတွေကလည်း များလိုက်တာနော်

ဝက်ခြံ ပေါက်လို့ စိတ်ညစ်ဖူးပါသလား?
ယမင်း တုန်းကလည်း သိပ်စိတ်ညစ်ခဲ့ရတာပေါ့။ ခုတော့ စိတ်မညစ်ရတော့ပါဘူး။
ကြော်ငြာဝင်မလို့ မဟုတ်ဘူးနော်

ဝက်ခြံတွေ ဘာကြောင့် ဖြစ်လာတာလဲ?
အဓိက ကတော့ ညစ်ပတ်လို့ပေါ့။ အဲလေ ဆောရီး
အဓိကကတော့ ချွေးပေါက်တွေ ပိတ်ရာက ဝက်ခြံ စတာပါပဲ။

ဝက်ခြံ ဖြစ်ရတဲ့ ပထမအဆင့်ကတော့ ချွေးပေါက်ကျယ်ရာက စတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ယမင်းတို့လို တိုနာတွေ တိုရှည်တွေ မသုံးတတ်တဲ့သူတွေမှာချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်။
အဲဒီထဲမှာမှ ယမင်းဆို ညစ်ပတ်တယ်ပေါ့နော်။ မျက်နှာချွေးထွက်ရင် လက်နဲ့သုတ်တတ်တယ်။ ဝက်ခြံပေါက်ရင် ကလိတယ်။ ဒါတွေကြောင့် ပိုဆိုးရတာပါ။ ချွေးပေါက်ကျယ်ပြိး အဆိပိတ်နေတဲ့ထဲ ကိုယ်က ကလိလိုက်တော့ ပိုးဝင်သွားတာပါ။

ဒါကြောင့် ဝက်ခြံပေါက်ရင် ယမင်းလုပ်သလိုလေး လိုက်လုပ်ကြည့်ပါ။ သက်သာသွားပါတယ်။

၁။ မျက်နှာသစ်ရေး အလေးပေး
မျက်နှာကို တစ်နေ့ နှစ်ခါထက်တော့ ပိုမသစ်သင့်ဘူးပါ့နော်။ ဒါပေမယ့် သစ်ပြီဆိုရင် ၂ထပ်လောက် သစ်ပါ။ အဆီပြောင်အောင် သစ်ပါ။

၂။ တဘက်အသန့်နဲ့ သုတ်ပါ။
တဘက် နေ့တိုင်း လျှော်ရလို့ကတော့ လက်မောင်းကြိးလာမှာပေါ့။ ဒီတော့ wet tissueလေးနဲ့ သုတ်ရင် အဆင်ပြေပါတယ်။

၃။ Toner သုံးပါ။
ယမင်းလည်း Toner သုံးဖို့ အရမ်း ငြင်းဆန်ခဲ့သူပါ။ ခုတော့ သူ့တန်ဖိုး နားလည်ပါပြီ။ Toner က ကျယ်ပြိားး ချွေးပေါက်တွေကို ပြန်ပိတ်ပေးလို့ ဝက်ခြံ ထပ်ထွက်တာ သက်သာစေပါတယ်။

၎။ Moisture ထိန်းရုံ ခရင်မ်လေး လိမ်းပါ။

ရေဓာတ်ထိန်းပေးထားတဲ့ အသားအရေဟာ ဝက်ခြံ အပါအဝင် တခြားပိုးမွှားတွေဒဏ်ကို ပိုခံနိုင်ပါတယ်။

၅။ မိတ်ကပ်သုံးရင် သေချာ ဖျက်ဖို့ မမေ့ပါနဲ့။
မိတ်ကပ်တွေ မဖျက်ရင် ကြာလာတော့ ကျယ်နေတဲ့ချွေးပေါက်ပိတ်ပြိး ဝက်ခြံ ပိုဖြစ်စေပါတယ်။ မိတ်ကပ်သုံးတယ်ဆိုရင် မျက်နှာမသစ်မီ မိတ်ကပ်သေချာဖျက်ပါ။

၆။ ဝက်ခြံပျောက်ဆေး လိမ်းလို့ရပါတယ်
Clindamycin ပါတဲ့ လိမ်းဆေးတွေလိမ်းပေးရင် ဝက်ခြံတွေ မြန်မြန်ချပ်တယ်နော်။

၇။ ဝက်ခြံ မကလိနဲ့နော်
ကိုယ့်လက်ကို သေချာမဆေးပဲ မျက်နှာကိုလည်း မကိုင်ပါနဲ့။ ဝက်ခြံလည်း မညှစ်ပါနဲ့။ အရမ်း ဝက်ခြံက စူထွက်နေလို့ မနေနိုင်ရင် လက်ကိုသေချာဆေးပြိးမှ ကိုင်ပါ။ လက်သေချာဆေးတယ်ဆိုတာ ပြောပြမယ်နော်။ လက်ကို ဆပ်ပြာတိုက်ပြိးရင် happy birthday သီချင်းကို နှစ်ကျော့ဆို၊ အေးဆေးဆို။ အဲဒါဆို သန့်ပြီ။ အဲ့ကျမှကိုင် မျက်နှာကို။

၈။ ဝက်ခြံ မညှစ်ခင်လေး ရေနွေးငွေ့ခံပေးရင် ပိုးလည်းသေတဲ့အပြင် ချွေးပေါက်တွေကျယ်လို့ ဝက်ခြံညှစ်ရင်လည်း သက်သာပါတယ်နော်။

ဒေါက်တာယမင်း(ဆေး ၁)