ဝက်ခြံ အများအပြားထွက်လာခြင်း

ရုတ်တရက် မျက်နှာပေါ်မှာ ဝက်ခြံများတစ်လုံးပြီးတစ်လုံးထွက်လာတတ်သည်ကို လူတိုင်း အနည်းနှင့်အများကြုံဖူးကြမှာပါ။ ဒါပေမယ့် အဲ့နောက်ကွယ်က အကြောင်းရင်းများ ကိုမူ သတိမထားမိဖြစ်တတ်ပါသည်။ ထိုအကြောင်းရင်းများကို လေ့လာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ပိုမိုလှပသော မျက်နှာလေးများးပိုင်ဆိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။

(၁)ဖုန်းမျက်နှာပြင် မသန့်ရှင်းခြင်း
ဖုန်းမျက်နှာပြင်နှင့် မျက်နှာ ထိတွေ့ပြီး ဘက်တီးရီးယား ပြန့်ပွားတတ်ပါသည်။ 📣ဖုန်းမျက်နှာပြင်ကို ပုံမှန် သန့်ရှင်းပေးပါ။

(၂) ဗီတာမင် ဒီ ချို့တဲ့ခြင်း
ဗီတာမင်ဒီ ချို့တဲ့ခြင်းသည် ကိုယ်ခံအားစနစ်ကျဆင်းစေပါသည်။ 📣 ဝက်ခြံ များစွာထွက်လာလျှင် ဠီတာမင် ဒီ ဖြည့်စွက်ခြင်း ပြုလုပ်သင့်ပါသည်။

(၃)ကော်ဖီသောက်ခြင်း
မျက်နှာပေါ်ရှိပုံမှန် အရေပြား ph ကို ဖျက်ဆီးပြစ်၍ ဝက်ခြံပိုထွက်စေသည်။ 📣 ရေ သို့ လဖ္ဘက်ရည်သောက်သုံးရန်။

(၄) မျက်နှာသစ်သောရေ အမျိုးအစား
လေးလံသော ဓာတုပစ္စည်းပါဝင်သောရေကို မသုံးသင့်ပါ။ 📣ထိုရေမျိုးရှိသောနေရာဖြစ်ပါက အစစ်(shower filter) သုံးသင့်ပါသည်။

(၅)အိပ်ရေးပျက်ခြင်း
အိပ်ရေူပျက်လျှင် ဝက်ခြဲထွက်တတ်သည်ကို ကြားဖူးကြပါလိမ့်မည်။ အကြောင်းမှာ ကိုယ်ခံအားစနစ်ကျခြင်းဖြစ်သောကြောင့် ဖြစ်သည်။ 📣စိတ်ဖိစီးခြင်း ကင်းပြီး အိပ်ပျော်ရန်ကြိုးစားပါ။

(၆)မိတ်ကပ် ထူထူလိမ်းခြင်း
အဆီအိတ်လေးများပိတ်၍ ဝက်ခြံ ပိုထွက်စေသည်။ 📣 ပါးသော မိတ်ကပ်လိမ်းခြင်း သို့ မကြာခဏ သန့်စင်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

(၇) တိုနာ (Toner) မသုံးခြင်း
တိုနာကို ပုံမှန်သုံးသင့်ပါသည်။ အရေပြား မျှခြေကို ထိန်းပေးသောကြောင့်ဖြစ်ပါသည်။ 📣နေ့စဉ် ထိန်းသိမ်းခြင်းတွင် တိုနာကို မမေ့သင့်ပါ။

(၈) မိတ်ကပ် လိမ်းသော ဘရှပ်( make up brush) သုံးခြင်း
ပိုးမွားများ ခိုအောင်း၍ မျက်နှာနှင့် ထိတွေ့ရန်အကောင်းဆုံးနေရာဖြစ်သည်။ 📣တစ်ပတ်တစ်ခါ ပုံမှန် သန့်ရှင်းဆေးကြောသင့်ပါသည်။

(၉) ဝက်ခြံပျောက်လိမ်းဆေးများလိမ်းခြင်း
အရေပြားခြောက်သွေ့စေခြင်းကြောင့် ဝက်ခြံ ပိုထွက်လာတတ်ပါသည်။ 📣ရေဓာတ်ဖြည့် ဆပ်ပြာ(သို့) မျက်နှာပေါင်းတင် ခြင်းနှင့် တွဲဖက်သုံးသင့်ပါသည်

(၁၀)အချို စားသုံးခြင်း
အဆီပိုမိုထွက်စေပါသည်။ 📣 အသီးအရွက်ကို ပိုမိုစားသင့်ပါသည်

(၁၁) အလှကုန်များ ခဏခဏပြောင်းသုံးခြင်း
အရေပြား မျှခြေ PH ကို ပျက်စေပါသည်။ 📣 တစ်ခု မပြောင်းခင် ၃ ပတ်ခန့်စောင့်ကြည့်သင့်ပါသည်

မယ်တင်(ဆေး ၁)