ဝနေတာလား ပွနေတာလား

အရက်ယမကာပုံမှန်သောက်နေသူတွေကို ဗိုက်ကလေးပူပူလေးတွေနဲ့တွေ့ဖူးနေကြမှာပါ အရပ်ထဲမတော့ ဝနေတာမဟုတ်ဘူး ပွနေတာ ပြောသံတွေလည်း လူတိုင်းကြားဖူးနေကြပါ တချို့ဝတဲ့သူတွေလည်း ဗိုက်ကလေးပူပူလေးတွေနဲ့ မှ ခေတ်မှီမှာထင်နေကြတာလည်းရှိပါတယ် ဒါကြောင့် ဆရာက ဝနေတာလား ပွနေတာလား သေချာ ခွဲခြားတတ်ဖို့ ဒီစာကိုရေးသားလိုက်ပါတယ် ဒါမှ ကိုယ်ချစ်တဲ့သူတွေမဆုံးရှုံးရအောင်ဂရုစိုက်နိုင်မှာ မဟုတ်ပါလော အရက်တအားသောက်တဲ့သူတွေ အသည်းရောင်အသားဝါ ဘီ ပိုး စီပိုးရှိသူတွေမှာ ဗိုင်ကလေးပူပူနေရင် အောက်မှာရေးထားတာတွေရှိမရှိဂရုစိုက် ကြည့်ပါ ရှိနေရင်တော့ ဆေးခန်းသေချာပြ ပြီး သင့်အသည်းကိုဂရုစိုက်ပါတော့

၁ ကိုယ်အနှံ့ အနီစက် အနီကွက်တွေပေါ်လာခြင်း (ပင်ကူပုံလေးလို အကွက်လေးတွေပေါ်လာရင်မပေါ့ပါနဲ့)

၂ အသားဝါလါတါ မျက်လုံးဝါလါတါ (အသားတွေဝါနေရင် သင့်အသည်းကို တအားဂရုစိုက်ဖို့လိုနေကြောင်း ပြနေတာပါ)

၃ အမျိုးသားတွေ ရင်သားဆူလာခြင်း

၎ အမျိုးသားဝှေးစေ့တဖြည်းဖြည်းသေးငယ်လာခြင်း

၅ ချိုင်းမွှေး ဆီးခုံမွှေးများ တအါးကျွတ်လါခြင်း

၆အသားများ ခဏခဏယားယံခြင်း အသားပေါ်တွင် အနာများဖြစ်ခြင်းမှိုစွဲခြင်း

၇ အသိစိတ်လျော့နည်းလာခြင်း တို့ဖြစ်ပါတယ်

အသည်းဆိုတာ လူခန္ဓာကိုယ်မှာအကြီးဆုံးအကြမ်းအခံနိုင်ဆုံး အရာပါ ရှိတုန်းတန်ဖိုးထားပြီး အသည်းကိုဂရုစိုက်စေခြင်ပါတယ် အသည်းခြောက်သွားရင် တခုတည်းသောကုသနည်းက အသည်းအစားထိုးဖို့ပဲရှိပါတယ်

ဒါကြောင့်မိမိအသည်းကိုဂရုစိုက်ကြပါလို့ စစ်မှန်သောစေတနာဖြင့်

ဒေါက်တာလင်းဇေ