ဆီမန် ခန့်ခွဲမှု အနုပညာ

စာရေးသူ စာလုံးပေါင်းမမှားပါ။ ဌာနဆိုင်ရာစီမံမဟုတ်၊ သုက်ရည် ဟူသော ဆီမန်(Semen)ကိုဆိုလိုတာဖြစ်ပါတယ်။ သုက်ရည်ကို ဓာတ်ခွဲခန်းမှာ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမှု (Semen Analysis)ကိုဆိုလိုပါတယ်။

ဘာကြောင့်စစ်ဆေးကြသလဲ

သုက်ပိုးကို ထူးထူးဆန်းဆန်းလုပ်ပြီးဘာလို့စစ်ကြမလဲလို့အံ့သြနေကြမယ်ထင်ပါတယ်။ သုက်ပိုးဉ်ဆေးမှုကို အဓိကပြုလုပ်ကြသူတွေကတော့ ကလေးမရသေးလို့ ကလေးလိုချင်နေကြတဲ့ ဇနီးမောင်နှံတွေမှာ အမျိုးသားရဲ့သုက်ရည်ကိုယူပြီး မျိုးအောင်လောက်တဲ့သုက်ပိုးအရေအတွက် ပါဝင်ခြင်းရှိမရှိကို စစ်ဆေးတာပဲဖြစ်ပါတယ်။ အချို့ကတော့ အမျိုးသား သားကြောဖြတ်ခြင်း(Vasectomy) လုပ်ပြီးတဲ့အခါ အောင်မြင်မှုရှိမရှိ ပြန်လည်စစ်ဆေးခြင်းအနေနဲ့ ဓာတ်ခွဲစမ်းသပ်ကြပါတယ်။

စမ်းသပ်မှုအဖြေပေါ်မူတည်ပြီး ဘာတွေသိနိုင်သလဲ?

၁. သုက်ရည်ပမာဏ

အကြမ်းဖျင်းအားဖြင့် သုက်လွှတ်မှုတစ်ကြိမ်မှာ သုက်ရည် ၂စီစီ ကနေ ၅စီစီ ( 2ml to 5ml / 2cc to 5cc) အထိထွက်ပါတယ်။ အကယ်၍ ၁.၅စီစီ (1.5ml) ထက်နည်းနေမယ်ဆိုရင်တော့ ကလေးရနိုင်ချေနည်းတယ်လို့ဆိုရပါမယ်။

၂. သုက်ပိုးအရေအတွက်

သုက်တစ်ခါလွှတ်တိုင်းမှာ သုက်ပိုးအရေအတွက် အနည်းဆုံး၁၅သန်းရှိရင် မျိုးအောင်နိုင်ချေရှိပါတယ်။ အကယ်၍ ဒီ့ထက်နည်းမယ်ဆိုရင်တော့ ကလေးရနိုင်ချေနည်းပါတယ်။

၃. သုက်ကောင်လှုပ်ရှားနိုင်မှု

၅၀% သော သုက်ပိုးတွေဟာ ကူးခတ်လှုပ်ရှားနိုင်တယ်ဆိုရင် ကလေးရနိုင်ခြေများပါတယ်။

၎. အရောင်

ပုံမှန်အဖြူနှစ်ရောင် မဟုတ်ဘဲ အဝါရောင် အညိုရင့်ရောင်သန်းနေမယ်ဆိုရင်တော့ ကာလသားရောဂါပိုး၊ သုက်တွင်သွေးပါခြင်းတို့ဖြစ်နေနိုင်ပါတယ်။

၅. pH

အက်စစ်ဓာတ်များတဲ့ သုက်ရည်ဟာ သုက်ကောင်များရှင်သန်နိုင်စွမ်းကျဆင်းစေတဲ့အတွက် ကလေးရရှိနိုင်မှုကို အဟန့်အတားဖြစ်စေပါတယ်။ pH 7.2 မှ 7.8အတွင်းရှိမယ်ဆိုရင်တော့ ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ