အပျိုဖော်ဝင်ခြင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်၁၀ချက်

မိန်းကလေးမွေးထားတဲ့မေမေတွေပဲဖြစ်ဖြစ်၊ ညီမလေးရှိတဲ့အမတွေပဲဖြစ်ဖြစ် အပျိုဖော်ဝင်ခြင်းနဲ့ပတ်သက်ပြီး ဒီအချက်တွေကို ကိုယ့်သမီး၊ ညီမကိုပြောပြ
ထားသင့်ပါတယ်။

၁) အသက်အရွယ်

မိန်းကလေးအများစုဟာ အသက် ၁၃နှစ်ဝန်းကျင်မှာ အပျိုဖော်ဝင်တတ်ပါတယ်။

၂) အမွှေးများပေါက်လာတတ်ပါတယ်။

ဂျိုင်းကြား၊ ပေါင်ကြား၊ ဆီးခုံတွေမှာ အမွှေးတွေစပေါက်လာမယ်။

၃) အရပ်ရှည်လာမယ်။

အရင် အရပ်ပုပုကောင်မလေးဟာ ရုတ်တရက် အရပ်ရှည်ထွက်လာပါတယ်။

၎) ရင်သားကြီးထွားလာမယ်။

တစ်ကိုယ်လုံးပြောင်းလဲမှုထဲမှာ အသိသာဆုံးလို့ပြောလို့ရပါတယ်။

၅) ဝက်ခြံပေါက်လာမယ်။

အပျိုဖော်ဝင်လို့ ထွက်လာတဲ့ဟော်မုန်းတွေကြောင့် အဆီအထွက်များလာပြီး ဝက်ခြံတွေထွက်လာတတ်ပါတယ်။

၆) ချွေးပိုထွက်လာမယ်။

အရင်ပြေးလွှားကစားရင်တောင်ချွေးသိပ်မထွက်တတ်ပေမယ့် ဒီအချိန်မှာ ဂျိုင်းချွေး၊ ထွက်တာ ချွေးပိုထွက်တာတွေကြုံနေရရင် သင်တစ်ယောက်ခဲမဟုတ်ပါဘူးလို့။

၇) အဖြူဆင်းတာမျိုးတွေရှိလာမယ်။

အပျိုဖော်ဝင်ချိန်မှာ အတွင်းခံမှာ အဖြူအရည်ကြည်ဆင်းတာမျိုးတွေတွေ့ရတတ်ပါတယ်။မယားဘူး၊ အနံ့မနံဘူးဆိုရင် ကိစ္စမရှိပါဘူး။

၈) ရာသီသွေးဆင်းတာမျိုးရှိလာမယ်။

အပျိုဖော်ဝင်ပြီလို့ တစ်ထစ်ချပြောလို့ရတဲ့လက္ခဏာတစ်ခုပါ။ရာသီသွေးဆင်းတာဟာ သားအိမ်နံရံက အီစတိုဂျင်၊ ပရိုဂျက်စတုန်း ဟန်ချက်ညီညီလှုပ်ရှားပြီး ဆင်းလာတဲ့ သွေးခဲလေးတွေပါ။သွေးဆင်းတယ်ဆိုတာ ဆန့်ကျင်ဖက် လိင်နဲ့ လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်တယ်ဆိုတာပြတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။
ရာသီပန်းဟာ တစ်လတစ်ခါ ပုံမှန်ဆင်းရပါတယ်။

၉) ခံတွင်းပြသနာမျိုးတွေရှိလာမယ်။

ငယ်ငယ်က သွားဆေးခန်းမပြခဲ့ဘူးပေမယ့် ဒီလိုအချိန်မျိုးမှာ ဟော်မုန်းမငြိမ်သက်တာကြောင့် သွားဖုံးရောင်တာ၊ ပါးစပ်ထဲ အနာဖြစ်တာမျိုးတွေ
ရှိတတ်ပါတယ်။

၁၀) တီဗီထဲကမော်ဒယ်တွေလို လှသွေးမကြွယ်လို့ စိတ်မညစ်ပါနဲ့။

ဒီလို အပျိုဖော်ဝင်ချိန်မှာ လှခြင်စိတ်များလာပါတယ်။ သူများနဲ့ နှိုင်းယှဉ်လာတတ်ပါတယ်။ ” လူတစ်ကိုး အလှတစ်မျိုးမို့'” မော်ဒယ်တွေလိုမလှလို့စိတ်မညစ်ဘဲ ကိုယ့်အလှကို တန်ဖိုးထားဖို့ပြောချင်ပါတယ်။

မယ်တင်( ဆေး ၁)