“ဝမ်းတစ်လုံးကောင်းဖို့ခေါင်းမခဲရအောင်”

ကျွန်တော်တို့နေ့စဉ်ဘဝနေထိုင်မှုမှာ ဝမ်းပုံမှန်မသွားတာ၊ဝမ်းမချုပ်ခြင်းပြဿနာကိုအမြဲကြုံတွေနေရပါတယ်။ ဒါကြောင့် နေ့စဉ်လူနေမှုပုံစံထဲက ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်တွေနဲ့ ဝမ်းချုပ်ခြင်း မဖြစ်အောင်ဘယ်လိုပြုမှုနေထိုင် ကြမလဲကိုစာဖတ်သူတွေ အတွက်ဗဟုသုတရစေဖို့ဖော်ပြပေးလိုက်ပါတယ်။

“ဝမ်းချုပ်တာကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့”

(1)အိမ်သာမှန်မှန်တက်တဲ့ အကျင့်မရှိခြင်း။

(2)အခြေအနေအရ ဝမ်းသွားလိုသော်လည်း အောင့်ထားရမှုများခြင်း။

(3)အကိုက်အခဲပျောက်ဆေး ဒါမှာမဟုတ် ဝမ်းနှုတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်း။

(4)ဟင်းသီးဟင်းရွက်နဲ့အသီးအနှံံ့ စားသုံးမှုနည်းခြင်း ဒါမှမဟုတ် စားလေးစားထမရှိခြင်း။

(5)ကိုယ်လက်လေ့ကျင့်ခန်းများ မပြုလုပ်ခြင်း။

(6)ရေဓါတ်လုံလောက်အောင် မသောက်ခြင်း။

“ဝမ်းချုပ်ခြင်း မဖြစ်အောင်ဘယ်လိုပြုမှု နေထိုင်သင့်သလဲ”

(1)ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

(2)ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ့များများစားပါ။

(3)ရေများများသောက်ပါ။

(4)ဝမ်းသွားချင်ရင်မအောင့်ထားပါနဲ့။

(5)အိမ်သာမှန်မှန်တက်တဲ့ အကျင့်ကိုမွေးမြူပေးပါ။

(6)ဝမ်းနှုတ်ဆေးကိုအလွယ်တကူမသောက်ပါနဲ့။

ဒီအချက်တွေကတော့ ဝမ်းချုပ်ခြင်းမဖြစ်အောင် ပြုမှုနေထိုင်ရမဲ့ အချက်တွေနဲ့ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ဒါကြောင့် ဒီအချက်တွေကိုရှောင်ကြဉ်လိုက်ပြီးဝမ်းတစ်လုံးကောင်းပြီးခေါင်းမခဲရအောင် ပြုမှုနေထိုင် ကြပါလို့ အကြံပေးပါရစေ။

“ကျန်းမာရွှင်လန်းကြပါစေ။”