ရေသောက်နည်းခြင်းနှင့် အသားအရေ ပြဿနာ

ရေအသက် တစ်မနက်လို့တောင် ဆိုရအောင် ခန္ဓာကိုယ်အတွက်’ရေ’ရဲ့ အခန်းကဏ္ဍက ကြီးလှပါတယ်။ လူတိုင်းရေသောက်ပေမဲ့ တချို့က အသက်ရှင်ဖို့ လိုသလောက်ပဲသောက်တတ်ကြပါတယ်။ ရေထက် အချိုရည်တွေ ဘီယာတွေသောက်ရတာပိုကြိုက်တတ်ကြပါတယ်။

🎯ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ??

ရေများများသောက်တဲ့အခါ

ဝမ်းမှန်စေပါတယ်။

ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးသလို နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ စိတ်ဖိစီးမှုလျော့စေတာ ခေါင်းကို
က်ပျောက်စေတာ စတဲ့အကျိုးကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ အသားအရေကောင်းမွန်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်တာပဲဖြစ်ပါတယ်။ ဒီ့အတွက်ရေများများသောက်ပေးဖို့ လိုပါတယ်။

🎯ရေသောက်နည်းလို့ ရေဓာတ်မပြည့်မဝဖြစ်လာတဲ့အခါ အသားအရေမှာ

– ခြောက်သွေ့တာ

– ယားယံတာ

– မျက်ကွင်းညိုလာတာ

– မျက်တွင်းကျလာတာ

– အသားရောင်မွဲခြောက်ခြောက်ဖြစ်လာတာ

– အရေးအကြောင်းတွေ ပိုထင်ရှားလာတာ စတဲ့ လက္ခဏာတွေပေါ်လာပြီး အလှအပကို ထိခိုက်စေပါတယ်။ ရေသောက်များလို့ ရေဓာတ်ပြန်လည်ပြည့်ဝသွားသူတွေမှာတော့ အသားအရေ ပိုကြည်လင်လာတာ၊ပြည့်တင်းလာတာ၊အရေးအကြောင်းတွေလျော့ပါးလာတာ၊ ပိုလန်းဆန်းလာတာ သိသိသာသာတွေ့ရပါလိမ့်မယ်။

🎯တနေ့ရေဘယ်လောက်သောက်ဖို့လိုလဲ ??

တနေ့ကို အနည်းဆုံးဖန်ခွက် ၈ခွက် သို့မဟုတ် ၂လီတာ အနည်းဆုံးသောက်ပေးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။

🎯ရေဓာတ်ပြည့်ဝအောင် ဘယ်လိုနေမလဲ ??

– ရေများများသောက်ပါ။

– အိပ်ရေးဝဝအိပ်ပါ။

– ရေအပြင် အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပါ

– ဟင်းချို၊ စွပ်ပြုတ်လို အရည်များတဲ့ အစာတွေများများ စားပါ။

– ဆီးရွှင်ပြီးရေဓာတ်ဆုံးရှုံးမှုများစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ စတာတွေ ရှောင်ရပါမယ်။

– လေ့ကျင့်ခန်းတွေ အားကစားတွေလုပ်ပြီးရင် ရေသောက်ပါ။

ချွေးထွက်များရင် အုန်းရည်၊ ဓာတ်ဆားရည်စတာတွေနဲ့ ဆားဓာတ်တွေပါ ပြန်လည်ဖြည့်တင်းပါ။

ကျန်းမာပျော်ရွှင်ကြပါစေ…

Dr ဖြိုးဝေလင်း

(25.11.19)