ပါဝင်သောပစ္စည်း- ငါးကြီးဆီနှင့် ဗီတာမင် အီး။
ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ ဆေးတစ်တောင့်လျှင် ၁၀၀၀မီလီဂရမ်။
အသုံးပြုနိုင်သော သူများ- အားဆေးအမျိုးအစားဖြစ်သဖြင့် ကျန်းမာရေး လိုက်စားသူ ကျား မ မရွေး သုံးစွဲနိုင်ပါသည်။
သုံးစွဲရန်အညွှန်း-တစ်ကြိမ် ၁ တောင့် တစ်နေ့ ၂ကြိမ် သို့ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။
အစာနှင့်စားရန်သင့်မသင့်- +
ဘေးထွက်ဆိုးကျိုး-ဆေးပမာဏ အလွန်အကျွံသုံးစွဲမိပါက အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာဖြစ်တတ်ပါသည်။ဥပမာ။ ။ ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ အရေပြား ဆီးနှင့် ရူထုပ်လိုက်သောလေတွင် ငါးညှိနံ့ ရတတ်ပါသည်။
သွေးကျဲစေနိုင်သော သတ္တိရှိသောကြောင့် နှာခေါင်းသွေးလျှံတတ်ပါသည်။
အသုံးမပြုသင့်သောသူများ-သွေးကျဲဆေး သောက်နေရသူများ၊ သွေးရောဂါရှိသူများ သတိထားသုံးစွဲသင့်ပါသည်။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-သွေးကျဲဆေးများ။